Think Globally , Act Locally.

Tokutei Ginou ဆိုတာ

၁. Tokutei Ginou စနစ်ဆိုသည်မှာ

နိုင်ငံခြားသားအလုပ်သမားများအတွက် ၂၀၁၉ခုနှစ် ဧပြီလကစပြီးခွင့်ပြုထားသော ဗီဇာအသစ်ဖြစ်သည်။ လုပ်သားလိုအပ်ချက်မြင့်မားသော လုပ်ငန်း ၁၄ မျိုးအတွက် နိုင်ငံခြားလုပ်သားများကိုခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။
ယခင်ရှိပြီးသား Training Visa နှင့်မတူဘဲ
ကျွမ်းကျင်ပြီးသားလုပ်သားများကို ခန့်အပ်နိုင်ခြင်း
အလုပ်ကြိုးစားသောနိုင်ငံခြားလုပ်သားများကို ခန့်အပ်နိုင်ခြင်း
၅နှစ်အထက်တောက်လျှေက် အလုပ်လုပ်ကိုင်ခွင့်ရှိခြင်း

Tokutei Ginou အဆင့် ၂ ဖြစ်သွားရင် မိသားစုကိုပါဂျပန်ကိုခေါ်ထားနိုင်ခြင်း
စသည့် လုပ်သားအလွန်လိုအပ်နေသော ကုမ္ပဏီများအတွက် “ နှစ်ကာလရှည်အတူတူလက်တွဲမဲ့ဝန်ထမ်း” ကို အလုပ်ခန့်အပ်နိုင်မှာ ဖြစ်ပါတယ်

Training Visa စနစ်မှာ 
“ နည်းပညာသင်ယူခြင်း” ကို ရည်ရွယ်ချက်တစ်ခုအနေနဲ့ ပြုလုပ်ထားသော်လည်း

Tokutei Ginou Visa စနစ်မှာ
သတ်မှတ်ထားသောကျွမ်းကျင်မှုနှင့်နည်းပညာများရှိသည့် ချက်ခြင်းလုပ်ငန်းခွင်ဝင်နိုင်မည့်နိုင်ငံခြားသားများကို အထူးသဖြင့်လုပ်သားအလွန်လိုအပ်နေသောလုပ်ငန်းများတွင် ခေါ်ယူခန့်အပ်နိုင်မည်ဖြစ်သည်

၂. Tokutei Ginou အလုပ်အကိုင် ၁၄ မျိုး

ဆောက်လုပ်ရေးလုပ်ငန်း
ဟိုတယ်လုပ်ငန်း
ငါးလုပ်ငန်း
စက်ပစ္စည်းကုန်ကြမ်းထုတ်လုပ်ရေးလုပ်ငန်း
သင်္ဘောကျင်းလုပ်ငန်း
သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးလုပ်ငန်း
စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်း
လျှပ်စစ်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း
ကားစက်ပြင်လုပ်ငန်း
အဆောက်အအုံသန့်ရှင်းရေးလုပ်ငန်း
စားသောက်ဆိုင်ဝန်ဆောင်မှုလုပ်ငန်း
လေဆိပ်လုပ်ငန်း
လယ်ယာစိုက်ပျိုး‌ရေးလုပ်ငန်း
ကုန်ကြမ်းပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း

၃. Tokutei Ginou ဗီဇာ၏နေထိုင်ခွင့်များ

Tokutei Ginou အဆင့် ၁
အဆင့် ၁ တွင် သတ်မှတ်ထားသောကုန်ထုတ်လုပ်ငန်းများအတွက် သင့်တင့်သောအရည်အချင်းနှင့်အတွေ့အကြုံရှိသောနိုင်ငံခြားသားများကို နေထိုင်ခွင့်ပေးသော ဗီဇာအမျိုးအစားဖြစ်သည်
ဂျပန်နိုင်ငံတွင် စုစုပေါင်း၅နှစ် နေထိုင်ခွင့်ရှိပြီး မိသားစုကိုခေါ်ယူခွင့်မရှိပါ
ဂျပန်နိုင်ငံအနေဖြင့် Tokutei Ginou လုပ်သားများကို ပိုမိုခေါ်ယူရန်အစီအစဉ်ရှိသော်လည်း ကိုရိုနာရောဂါအတွက်စည်းမျဉ်းစည်းကမ်းများ ချမှတ်ဆောင်ရွက်နေရသဖြင့် ယခုလက်ရှိတွင် Training Visa သက်တမ်းပြည့်သူများသာ Tokutei Ginou သို့ကူးပြောင်း၍ ခန့်အပ်နိုင်ပါသေးသည်။

Tokutei Ginou အဆင့် ၂
အခြေခံအားဖြင့် Tokutei Ginou အဆင့် ၁ ပြီးဆုံးပြီးသူများအတွက် တစ်ဆင့်ထပ်တိုး ခန့်အပ်သည့်ဗီဇာအမျိုးအစားဖြစ်သည်
၂၀၂၁ခုနှစ်အထိ 
ဆောက်လုပ်ရေးလုပ်ငန်းနှင့် သင်္ဘောကျင်းလုပ်ငန်း ၂ခုကိုသာခွင့်ပြုပေးထားသော်လည်း
၂၀၂၂မှစ၍
ကျန်ရှိလုပ်ငန်းတော်တော်များများကိုလည်း အဆင့် ၁ မှ အဆင့် ၂ သို့ သက်တမ်းတိုးခွင့်ကို ခွင့်ပြုထားပါသည်။
Tokutei Ginou အဆင့် ၂ ဖြစ်ခဲ့လျှင်
မိသားစုအားခေါ်ယူနိုင်ခွင့်
ဗီဇာနှစ်အကန့်အသတ်မရှိအလုပ်လုပ်ခွင့်
စသည့် နှစ်ရှည်အလုပ်လုပ်နိုင်သော နိုင်ငံခြားသားလုပ်သားများကို ခန့်အပ်နိုင်မည်ဖြစ်ပါသည်။

၄. Tokutei Ginou နှင့် Training Visa ခွာခြားချက်

Training Visa တွင် “ အပြည်ပြည်ဆိုင်ရာကူညီဆောင်ရွက်မှု” “ ဖွံဖြိုးဆဲနိုင်ငံများအတွက်နည်းပညာကူးပြောင်းရေး” စသည်များက ရည်ရွယ်ချက်ဖြစ်သည်။
ထိုအတွက်ကြောင့် “ အလုပ်သမား” မဟုတ်ဘဲ ဂျပန်နိုင်ငံနည်းပညာကို သင်တန်းသားများကိုသင်ပေးရသည့်ရည်ရွယ်ချက်ရှိသောကြောင့် အလုပ်သမားအဖြစ်သတ်မှတ်ထားခြင်းမရှိပါ။
Tokutei Ginou သည် နိုင်ငံခြားသားများကို “ အလုပ်သမား” အဖြစ် အလုပ်ခန့်အပ်ခွင့်ရှိပြီး ကျွမ်းကျင်ပြီးလုပ်သားများကို ခန့်အပ်နိုင်ခြင်း ကျယ်ပြန့်တဲ့လုပ်ငန်းတော်တော်များများတွင် ခန့်အပ်နိုင်သည့် အကျိုးကျေးဇူးများရှိသည်။
ကာလကြာမြင့်စွာအတူတကွလုပ်ကိုင်ပေးမည့်အလုပ်သမားကိုခန့်အပ်လို့ပါက Tokutei Ginou စနစ်ကိုအသုံးပြုပြီးခန့်အပ်ကာ လုပ်သားကိုပြုစုပျိုးထောင်သွားနိုင်ပါသည်။