Think Globally , Act Locally.

လုပ်သားအင်အားလိုအပ်ချက်ဟာ ဂျပန်နိုင်ငံရဲ့ပြဿနာတစ်ခုအနေနဲ့ရင်ဆိုင်နေရပြီး ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က “ လူတိုင်းအလုပ်လုပ်ရလွယ်ကူစေမဲ့လူ့ဘောင်အဖွဲ့အစည်း” ကိုဖော်ဆောင်ရန်ဖြစ်ပါတယ် ဒီလိုလုပ်ဆောင်မှုကသာလျှင် ကျွန်တော်တို့နေထိုင်ရာလူ့ဘောင်အဖွဲ့အစည်းကို တိုးတက်စေမှာဖြစ်ပြီး စဉ်ဆက်မပျက်တိုးတက်မှုကိုလည်း ဖြစ်ပေါ်စေမှာဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။
Think Globally, Act Locally
မိမိတို့မျှော်မှန်းထားသော လူ့ဘောင်အဖွဲ့အစည်းပေါ်ပေါက်ဖို့အတွက် GoBitက ကနဦးချမှတ်ထားတဲ့လမ်းစဉ်ကို မမေ့လျှော့ဘဲကြိုးစားလုပ်ဆောင်သွားပါမည်။

လုပ်ငန်းအကြောင်းအရာ

လုပ်သားအင်အားအလွန်လိုအပ်နေတဲ့ ဂျပန်နိုင်ငံအတွက် GoBit က ခိုင်မာတဲ့လမ်းကြောင်းများနဲ့ လုပ်သားတွေကို မိတ်ဆက်ပေးသွားပါမယ်။

လုပ်သားလိုအပ်ချက်ရဲ့ အခြေခံပြဿနာကိုဖြေရှင်းနိုင်ဖို့အတွက်ဆိုရင် မည်သူမဆိုအလုပ်လုပ်ကိုင်ရလွယ်ကူစေမဲ့လုပ်ငန်းခွင့်ဖြစ်ဖို့က အရေးကြီးပါတယ်။ ဒါကြောင့် Gobitကသာမန်မိတ်ဆက်ရုံတင်မဟုတ်ဘဲ အရည်အချင်းနဲ့ပြည့်ဝတဲ့ နိုင်ငံခြားသားလုပ်သားများကိုပြုစုပျိုးထောင်ခြင်းနှင့် ဂျပန်ကုမ္ပဏီများကလည်းနိုင်ငံခြားသားများကို နားလည်လက်ခံနိုင်ပြီး အတူတူလုပ်သားလိုအပ်ချက်ပြဿနာကို ဖြေရှင်းသွားဖို့ရည်ရွယ်ပါတယ်။

Tokutei Ginou စနစ်ဆိုသည်မှာ

လုပ်ငန်းတော်တော်များများမှာ နိုင်ငံခြားလုပ်သားများကိုခန့်အပ်ခွင့်ပေးထားသော စနစ်ဖြစ်သည်။ လုပ်ငန်းခွင်နှင့်သက်ဆိုင်သည့်ကျွမ်းကျင်မှုနှင့် အတွေ့အကြုံရှိပြီးသားနိုင်ငံခြားသားများကို အလုပ်လုပ်ခွင့်ပေးသောဗီဇာအမျိုးအစားဖြစ်သည်။

လုပ်သားလက်ခံခြင်းအဆင့်ဆင့်

Tokutei Ginou စနစ်ဖြင့်ခေါ်ယူပုံအဆင့်ဆင့်ကို ရှင်းပြပါမယ်။ နေထိုင်တဲ့နိုင်ငံနဲ့လိုက်ပြီး ဗီဇာလျှောက်ထားပုံတွေမတူညီပါ။

အလုပ်သမားခေါ်ယူသောနိုင်ငံနှင့်ပတ်သက်၍

နောင်တွင်တိုးတက်ဖို့အလားအလာများသောမြန်မာနိုင်ငံနှင့် အာရှမှဖွံဖြိုးဆဲနိုင်ငံများကိုအဓိကထား၍ မိတ်ဖက်ကုမ္ပဏီများနဲ့အတူ လုပ်သားများကိုမိတ်ဆက်သွားပါမည်။