Think Globally , Act Locally.

ဆောင်ရွက်ပုံအဆင့်ဆင့်

<Tokutei Ginou လုပ်သားခေါ်ယူပုံအဆင့်ဆင့်>

လုပ်သားခေါ်ယူမည့်ကုမ္ပဏီ
၁. ဆက်သွယ်မေး မြန်းသောလျှောက်လွှာအားဖြည့်စွက်ပေးပို့ရန်
၂. စုံစမ်းမေးမြန်းခြင်း လုပ်ငန်းခွင်တွင်လုပ်ကိုင်ရမည်အကြောင်းအရာနှင့် သတ်မှတ်အရည်အချင်းများကို မေးမြန်းခြင်း
၃. အလုပ်ခေါ်စာပြုလုပ်ခြင်း မေးမြန်းပြီးနောက် ဧည့်သည်တော်တို့ကုမ္ပဏီရဲ့လိုအပ်ချက်နဲ့ ကိုက်ညီသောလုပ်သားခေါ်ယူစာကို ပြုလုပ်သွားပါမည်။
လုပ်သားခေါ်ယူစုဆောင်းခြင်း
၁. အလုပ်ခေါ်စာကြော်ငြာခြင်း မြန်မာနှင့်ဗီယက်နမ်နိုင်ငံများတွင် နိုင်ငံခြားအလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီများဖြင့်ချိတ်ဆက်ထားသောကြောင့် ၎င်းမိတ်ဖက်ကုမ္ပဏီများ၏ အလုပ်အကိုင်လျှောက်ထားသူများမှ ခေါ်ယူစုဆောင်းပါသည်။
၂. အလုပ်အကိုင်လျှောက်ထားသူအားမေးမြန်းခြင်း လက်ရှိအလုပ်၏အခြေအနေ၊ အလုပ်ပြောင်းရခြင်းအကြောင်းအရင်း၊ လုပ်ကိုင်လိုသောအလုပ်များကို မေးမြန်းလေ့ရှိသည်
အင်တာဗျူး
၁. အင်တာဗျူးဖြင့်လူရွေးချယ်ခြင်းကို ပြုလုပ်ပါသည် လူရွေးချယ်ပြီးနောက် အလုပ်ခန့်အပ်သည့်ကုမ္ပဏီ၊ အလုပ်လျှောက်ထားသူ၊ အလုပ်အကိုင်မိတ်ဆက်သူ(GoBit) ၃ဦးစုံညီစွာဖြင့် အလုပ်ခန့်အပ်လွှာကိုပြုလုပ်၍ စာချုပ်ချုပ်ဆိုပါသည်။
ဂျပန်မြန်မာစကားပြန်ပါပါဝင်ပြီး လုပ်ငန်း၏သတ်မှတ်စည်းမျဉ်းစည်းကမ်းများကိုရှင်းလင်းပြောဆိုကာ အလုပ်ခန့်အပ်ခြင်း မခန့်အပ်ခြင်းကို ရှင်းလင်းပြောပြပါသည်။
အလုပ်ခန့်အပ်သည်အထိ လုပ်ဆောင်ရန်အဆင့်ဆင့်
၁. ဂျပန်ပြည်ဝင်ခွင့် (သို့မဟုတ်) ဗီဇာပြောင်းလဲခြင်း
၂. နိုင်ငံခြားသားလုပ်သားများအတွက် ကြိုတင်လမ်းညွှန်ချက်များပို့ချခြင်း
၃. နိုင်ငံခြားသားလုပ်သားများအတွက် နေထိုင်စားသောက်မှုလမ်းညွှန်မှုများပို့ချခြင်း
၄. နိုင်ငံခြားသားလုပ်သားများရောက်ရှိလာချိန်တွင်ဆောင်ရွက်ရန်
လေဆိပ်၊ ဘူတာရုံတွင်ကြိုဆိုပေးခြင်း / ရပ်ကွက်ရုံးတွင်လုပ်ငန်းဆောင်တာများ ဆောင်ရွက်ပေးခြင်း / ဘဏ်စာရင်းဖွင့်ခြင်းနှင့် ဟန်းဖုန်းများဝယ်ယူခြင်းအတွက် / ဆောင်ရွက်ပေးခြင်း
လုပ်သားခေါ်ယူသည့်ကုမ္ပဏီမှ အလုပ်နေရာနှင့်အလုပ်ဆင်းရန်ရက်သတ်မှတ်ခြင်း

လုပ်သားရောက်ရှိသည့်အဆင့်အထိပြင်ဆင်ထားရန်အချက်များ

<ဂျပန်ဘက်မှပြင်ဆင်ထားရမည့်အချက်များ>
၁. Tokutei Ginou ဖြင့်လုပ်သားခေါ်ယူရန် လျှောက်လွှာတင်ခြင်း
၂. Tokutei Ginou လုပ်သားခေါ်ယူရန် လိုအပ်သောစာရွက်စာတန်းများပြုစုခြင်း

လုပ်သားခေါ်ယူပုံအဆင့်ဆင့်

၁. ခေါ်ယူမည့်ကုမ္ပဏီ – ခေါ်ယူရန်လျှောက်လွှာတင်ခြင်း

၂. အလုပ်ခေါ်စာပြုလုပ်ခြင်း – မေးမြန်းစုံစမ်းခြင်း

၃. အင်တာဗျူးနှင့်အလုပ်ခန့်အပ်ခြင်း

၄. နေထိုင်ခွင့်ဗီဇာပြောင်းလဲရန်အတွက်လိုအပ်သောစာရွက်စာတန်းများပြင်ဆင်ခြင်း

၅. အဆောင်၊ နေထိုင်ရမည့်နေရာ၊ အလုပ်ခွင်သို့သွားနိုင်သည့်နည်းလမ်း (ကုမ္ပဏီမှစီစဉ်ပေးပါက မလိုအပ်ပါ)

၆. တာဝန်ကျနေရာ၊ အလုပ်စမည့်ရက်

နိုင်ငံခြားသားလုပ်သားများကိုခေါ်ယူရန်ကုန်ကျစရိတ်

နိုင်ငံခြားသားလုပ်သားများကိုခန့်အပ်ရာတွင် နေထိုင်ခွင့်ဗီဇာလျှောက်ထားခြင်းနှင့် စီမံခန့်ခွဲခြင်းစရိတ်များကုန်ကျပါမည်။

ကုန်ကျစရိတ်
၁. လုပ်သားမိတ်ဆက်ခ

အရေအတွက်၊ လူမျိုး၊ ကိုင်တွယ်ပုံနဲ့လိုက်ပြီး ကုန်ကျစရိတ်သည်ကွဲပြားနိုင်သည့်အတွက် သီးသန့်ဆွေးနွေးနိုင်ပါသည်။

၂. နေထိုင်ခွင့်ဗီဇာလျှောက်ထားခြင်း/နေထိုင်ခွင့်ပြောင်းလဲလျှောက်ထားခြင်း
ခန့်မှန်ခြေ ယန်း ၁၀ သောင်းခန့်

၃. Tokutei Ginou လုပ်သားများအားစီမံခန့်ခွဲခြင်း ကိုယ်စားဆောင်ရွက်ခ
တလ ယန်း ၂ သောင်း
*လစဉ်ဝန်‌ဆောင်မှုအကြောင်းအရာ
.လုပ်ငန်းတာဝန်နှင့်နိုင်ငံခြားသားလုပ်သားများကို ပညာပေးအစီအစဉ်များနှင်ပက်သတ်၍ ဆွေးနွေးနိုင်သည်
Tokutei Ginou လုပ်သားခေါ်ယူသည့်သက်ဆိုင်ရာကုမ္ပဏီနှင့်ပူးပေါင်း၍ စာချုပ်ပါအချက်အလက်အတိုင်း Tokutei Ginou လုပ်သားများ၏လုပ်ငန်းချိန်နှင့်ကိုက်ညှိပြီး ကူညီဆောင်ရွက်ပေးမည်
.Tokutei Ginou လုပ်သားများအတွက် နေထိုင်စားသောက်မှုလမ်းညွှန်များကိုပို့ချပေးခြင်း
.အရေးပေါ်အချိန်တွင် ကူညီဆောင်ရွက်ပေးခြင်း

၄. ဝန်ဆောင်မှုပေးသောဘာသာစကား
အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ၊ ဗီယက်နမ်ဘာသာ